နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံ ဖုန်းမဆက်ရသေး
အကွာအဝေး0 km
Address: မြောက်ဦးမြို့နယ် ၊ ရခိုင်ပြည်နယ်။ ရခိုင်ပြည်နယ်
Contact: အိုးလေဖြည့်မကြာသေးခင်က ဆောက်လုပ်ပြီးစီးခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံကို ကျောက်တော်၊ တောင်ကုတ်၊ စစ်တွေ၊ သံတွဲ၊ မာန်အောင်မြို့များမှ စတင်အောက်ဆီဂျင်များ လာရောက်ဖြည့်တင်းနေကြကြောင်း အဆိုပါစက်ရုံ၏ တာဝန်ရှိသူကပြောသည်။စစ်တွေမြို့ကို အောက်ဆီဂျင်နေ့စဉ် အနည်းဆုံး ၁၆ လုံးမှ အလုံး ၂၀ ကြား ပေးပို့နေပြီး တစ်ခြားသောမြို့နယ်များ မှ လာရောက် ဖြည့်တင်းမှုကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေသည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက် ရုံ ဥက္ကဌ ဦးမောင်ဝင်းရွှေက ပြောသည်။နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှစကာ နန်းရိပ်ကရုဏာအောက်ဆီဂျင် အသင်း ကဦးဆောင်၍ ကိုယ်ထကိုယ်ထဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဇူလိုင် ၂၁ ရက်နေ့က စတင်လည်ပတ် ကာ အောက်ဆီဂျင်ထုတ်လုပ် နေခြင်းဖြစ်ပြီး တစ်ခြားမြို့များမှာ အောက်ဆီဂျင်လိုအပ်မှုကိုလည်း အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်နေကြောင်းသိရသည်။ရခိုင်ပြည်နယ်တစ်ဝန်းတွင် ကိုဗစ်ကူးစက်ပြန့်ပွားမှုမြင့်တက်လာသည်နှင့်အမျှ အောက်ဆီဂျင်လိုအပ်ချက်များမှာလည်း မြို့နယ်အလိုက် ပိုမိုများပြားလာခဲ့သည်။ အောက်ဆီဂျင်ပြဿနာဖြင့် အခက်မကြုံရစေရန်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရန် မြို့တိုင်းလိုလို၌ ကြိုးပမ်းဆောင်ရွက်နေကြသည်။Ref:Western News- WN
Updated at 1 year ago by
maythingyan